ကုမ္ပဏီအကြောင်း

Golden Hiro Services Co., Ltd., ကို ၂၀၁၆ ခုနှစ်တွင် with Hiro Industry Co., နှင့်အတူပူးပေါင်းကာ စတင်တည်ထောင်ခဲ့သည်။ Hiro Industry Co., Ltd. ကို Japan နိုင်ငံတွင် ၂၀၀၀ ခုနှစ်မှစတင်တည်ထောင်ခဲ့သည်။ Hiro Industry ကုမ္ပဏီ၏ နည်းလမ်း၊စည်းကမ်းများပေါ်တွင် အခြေခံ၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ အဆင့်မြင့်သန့်ရှင်းရေး ဝန်ဆောင်မှုများပေးနေခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ Golden Hiro ကုမ္ပဏီမှ ပိုးမွှားကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် စီးပွားရေးအဆောက်အဦအသစ်များ အများအပြားကို သန့်ရှင်းရေး ဝန်ဆောင်မှုပေးနေသော P.P.C.S cleaning service နှင့် ပူးပေါင်းခဲ့သည်။
ကျွနုပ်တို့၏ ဝန်ဆောင်မှု ရယူသူများအတွက် လိုအပ်နေသေးသော ပိုးမွှားကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှုများကို ၂၀၁၉ ခုနှစ်မှစတင်ကာ ကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ကြည့်ရှုရန်

ဝန်ဆောင်မှုများ

cleaning service

သန့်ရှင်းရေး
ဝန်ဆောင်မှုများ

အခမ်းအနား သန့်ရှင်းရေး အစည်းအဝေးခန်းမမှ အစပြု၍ ပြင်ပလူစုလူဝေး အခမ်းအနားများအထိ ကျွန်တော်တို့ ကုမ္ပဏီမှ ပွဲမစတင်မီ၊ ပွဲကျင်းပနေစဉ်၊ ပွဲအပြီး သန့်ရှင်းရေးများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အခမ်းအနားကျင်းပနေစဉ်မှ ပြီးဆုံးသည်အထိ ကျင်းပရာနေရာသည် သစ်လွင်တောက်ပနေစေရန် ကျွန်တော်တို့ တာဝန်ယူနိုင်ပါသည်။
စားသောက်ဆိုင် သန့်ရှင်းရေး စားသောက်ဆိုင်များသည် ကျန်းမာရေးနှင့် ညီညွတ်စေရန် သန့်ရှင်းရေးကို ပုံမှန်

High-rise Access service

အထပ်မြင့်သန့်ရှင်းရေး
ဝန်ဆောင်မှုများ

အထပ်မြင့် အဆောက်အဦ အမျိုးမျိုးတွင် ကြိုးကိုအသုံးပြု၍ အန္တရာယ်ကင်းစွာ သန့်ရှင်းရေး ဆောင်ရွက်ပေးနိုင်ပါသည်။ အထပ်မြင့် အဆောက်အဦသန့်ရှင်းရေးသည် အန္တရာယ်ကင်းရှင်းရေး အဆင့်မီသော နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရပြီး ပေါ့ဆ၍ မရပေ။ သင့်လျော်သော လေ့ကျင့်သင်ကြားမှု၊ ဗဟုသုတ၊ အတွေ့အကြုံ တို့သည် အထပ်မြင့်ဝန်ဆောင်မှုများအတွက် အဓိကလိုအပ်ချက်များဖြစ်ပေသည်။

Pest Control service

ပိုးမွှားကာကွယ်နှိမ်နင်းရေး
ဝန်ဆောင်မှု

လူနေပါတ်ဝန်းကျင်တွင် ပိုးမွှားကာကွယ်နှိမ်နင်းရေး
• တွားသွားနှင့် ပျံသန်းတတ်သော အင်းဆက်များ
• ချ (အထူး) တားဆီးနှိမ်နင်းရေး ဝန်ဆောင်မှု
• ကြွက်နှင့် အခြားပိုးမွှားများ

စီးပွားရေး လုပ်ငန်းသုံး ပိုးမွှားကာကွယ်နှိမ်နင်းရေး
• စားသောက်ကုန်လုပ်ငန်းများအတွက် ပိုးမွှားကာကွယ်နှိမ်နင်းရေး အထူးဝန်ဆောင်မှု (စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များ အစရှိသည်ဖြင့် ....)

disinfection service

ပိုးသတ်ဆေးဖြန်းခြင်း
ဝန်ဆောင်မှု

သန့်ရှင်းရေး ကျွမ်းကျင်ပညာရှင်များ ဖြစ်သည့်အားလျော်စွာ မိမိတို့ဝန်ဆောင်မှု ပေးနေသူများအတွက် မည်သည့်နေရာများတွင် ပိုးသတ်ဆေးဖြန်းရန် လိုအပ်သည်၊ မည်သည့်နေရာတွင် Deep Cleaning လိုအပ်သည်တို့ကို PPCS မှဆန်းစစ်ပေးနေမြဲဖြစ်ပါသည်။ ကျွန်တော်တို့သည် မိမိတို့ထံမှ ဝန်ဆောင်မှု ရယူထားသူတို့၏ လိုအပ်ချက်နှင့် အခြေအနေပေါ်မူတည်၍ အသင့်လျော်ဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အစဉ်အလေးပေးဆောင်ရွက်လျက် ရှိပါသည်။

ဆက်သွယ်ရန်

အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန်အတွက် ဆက်သွယ်လိုက်ပါနော်
နာမည်
ဆက်သွယ်ရန်ဖုန်းနံပါတ်
Email
သင်ပြောလိုသော အချက်ကိုရေးပါ