နောက်ခံသမိုင်း အကျဉ်း

Golden Hiro Services Co., Ltd., ကို ၂၀၁၆ ခုနှစ်တွင် with Hiro Industry Co., နှင့်အတူပူးပေါင်းကာ စတင်တည်ထောင်ခဲ့သည်။ Hiro Industry Co., Ltd. ကို Japan နိုင်ငံတွင် ၂၀၀၀ ခုနှစ်မှစတင်တည်ထောင်ခဲ့သည်။ Hiro Industry ကုမ္ပဏီ၏ နည်းလမ်း၊စည်းကမ်းများပေါ်တွင် အခြေခံ၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ အဆင့်မြင့်သန့်ရှင်းရေး ဝန်ဆောင်မှုများပေးနေခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ Golden Hiro ကုမ္ပဏီမှ ပိုးမွှားကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စီးပွားရေးအဆောက်အဦအသစ်များ အများအပြားကို သန့်ရှင်းရေး ဝန်ဆောင်မှုပေးနေသော P.P.C.S cleaning service နှင့် ပူးပေါင်းခဲ့သည်။

ကျွနုပ်တို့၏ ဝန်ဆောင်မှု ရယူသူများအတွက် လိုအပ်နေသေးသော ပိုးမွှားကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှုများကို ၂၀၁၉ ခုနှစ်မှစတင်ကာ ကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

Golden Hiro

အထပ်မြင့် သန့်ရှင်းရေး ဝန်ဆောင်မှု

ပိုးမွှား ကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှု

PPCS Professional Cleaning Service

သန့်ရှင်းရေး ဝန်ဆောင်မှုများ

ပိုးသတ်ဆေးဖြန်းခြင်း ဝန်ဆောင်မှုများ

အထပ်မြင့် သန့်ရှင်းရေး ဝန်ဆောင်မှု၊ ပိုးမွှားကာကွယ်နှိမ်နင်းရေး ဝန်ဆောင်မှုနှင့် ပိုးသတ်ဆေးဖြန်းခြင်း ဝန်ဆောင်မှုများ အပါအဝင် သန့်ရှင်းရေးနှင့် ပါတ်သက်သော ဝန်ဆောင်မှုများ အားလုံးကို တစ်နေရာတည်းတွင် အကုန်ရနိုင်သော ကုမ္ပဏီအဖြစ် ဂုဏ်သတင်းကျော်ဇောကာ မြန်မာနိုင်ငံအနှံ့ ဝန်ဆောင်မှုများပေးရန် အစဉ်တစိုက် ကြိုးပမ်းနေပါသည်။

  

မိမိတို့၏ အရည်အသွေး၊ ဝန်ဆောင်မှု၊ လုပ်အား များကို အစဉ်တစိုက် တိုးတက်အောင်ကြိုးပမ်းနေသည့် အားလျော်စွာ မိမိတို့ထံမှ ဝန်ဆောင်မှုရယူထားသူများ သာမက ၎င်းတို့၏ ဝန်ထမ်းများနှင့် ဧည့်သည်များမှ မျှော်လင့်ထားသည့်အတိုင်း အကောင်းဆုံးရလဒ်များရနိုင်စေရန် အရည်အသွေးမြင့် သန့်ရှင်းရေးဝန်ဆောင်မှု ပေးနိုင်ရမည်ဟု သန္နိဌာန်ချမှတ်ထားသည်။ လူနေမှုဘဝ အရည်အသွေးမြင့်မားစေရန် လိုအပ်သော သန့်ရှင်းရေးနှင့် ပါတ်သက်သည့် အကူအညီနှင့် ပံ့ပိုးမှုများပေးနိုင်ရန်လည်း မိမိတို့၏တာဝန်တစ်ခုအနေနှင့် သတ်မှတ်ထားပါသည်။ လူသားတို့၏ဘဝ သာယာပျော်ရွှင်ရေးအတွက် သန့်ရှင်း၊ လုံခြုံ၍ ကျန်းမာရေးနှင့်ညီညွတ်သော ပါတ်ဝန်းကျင်တစ်ခု လိုအပ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။

မိမိတို့၏ ဝန်ဆောင်မှုကို ကျေနပ်နှစ်သက်သည့် ကုမ္ပဏီများ